ရွာသိမ်ရွာငယ်ဟူသည်လူလည်းမိုက်၏ ခွေးလည်းကိုက်၏
ဒီနေရာမှာ
လူ့ခေါင်းပြတ်တွေပေါတယ်…
ခရိုနီတွေနဲ့ဖက်လှဲတကင်း
ပုတ်သင်ညိုခေါင်းညိမ့်တွေ
ဒုနှင့်ဒေး
ဆေးရွက်ကြီးစိုက်ခင်းတွေ
ဖလန်းဖလန်းစိမ်း
ညီလေးရေမင်းတို့လက်ထက်ကျရင်တွေ
အုံနှင့်ကျင်းနဲ့
အမှီးကျက်
ခေါင်းစား ခေါင်းကျင်အမှီးစားတွေ ဖောင်းပွ
သူမသာ ကိုယ်အသုဘသီအိုရီတွေက
စီစီရီရီ
စိတ်တွေကMinus
Zero အောက်ရောက်နေသူတွေအုတ်အော်သောင်းနင်း
ခောတ်ကို
တို့ကနန်းဆိတ်ကနန်း စားသုံးသူများ ပါးပါးရှားရှား
သမိုင်းကို
ကုလားဖန်ထိုးသူများ ဖွာလန်ကျဲ
အစဉ်အလာကို
ခေါင်းအုံးထားသူတွေ ပွစိထိုး
တကယ်ပါ..ငါဒီနေရာမှာမနေချင်တော့ဘူး…
မနေသင့်တော့ဘူး…..
ဒွါဒသမနိုင်ငံကိုကူးတော့မယ်…
ငါ့ရွာကို……
ပြဒါးလင်းသူ
(2012)
No comments:
Post a Comment