ရှင်ပင်သေပင်
ရေတွက်ခြင်း
နွေမှာ ရေရေ
မိုးမှာ ရေရေ
ဆောင်းမှာ ရေရေ
ရေချင်တဲ့အချိန်ရေ
မစိုးရိမ်ပါဘူး….
တစ်သိန်းစိုက်ရင် အပင်တစ်သိန်း
တွက်ချင်သလောက်တွက်
ကွန်ပျူတာနဲ့တွက်တွက်
လက်ချိုးရေပြီး တွက်တွက်
ဘာနဲ့တွက်တွက်
တစ်ပင်လျော့ရင် လက်တစ်ဖက်အဖြတ်ခံမယ်
ဒီနွေ…
ဒီအပူ…
ဒီဖောက်ပြန်မှု..
မမှုပါဘူး…
ပထမဆုံးမိုးမှာ
အကောင်းဆုံးပျိုးပင်တွေနဲ့
ချစိုက်ခဲ့တဲ့ ငါ့အပင်တွေ
မြိုင်ဟေ၀န်လေးလို
မြိုးတိုးမြိုင်တိုင်………
ပြဒါးလင်းသူ
Enviromental
&Forestry Journal
Feb/2010
No comments:
Post a Comment