ကြေညာချက်
မယားထိဓါးကြည့်လောက် မပြင်းထန်ဘူး မထင်လိုက်နဲ့
စည်းကမ်းမဲ့သစ်ပင်ခုတ်တာ
မကြိုက်ဘူးလို့တော့
တားမြစ်ချင်တယ်…။
သူခိုးဓါးရိုးကမ်းလို့တော့
မမှတ်ယူပါနဲ့
လုံးပတ်ပြည့်တာပဲခုတ် သားသမီးချန်ထားလို့တော့
ကြေညာချင်တယ်…။
တောင်စဉ်ရေမရလို့တော့
မထင်လိုက်နဲ့
တောင်ကတုံးတွေမှာ ယောင်စိမ်းတွေထုံးထားတာ
လာကြည့်စေချင်တယ်…။
ဘယ်သူသေသေ ငတေမာပြီးရောလို့ သစ်တောတွေ
ပြုန်းအောင်မလုပ်ပါနဲ့
ဘေးဒုက္ခတွေကြုံလာရလိမ့်မယ်လို့တော့
ညွှန်ပြချင်တယ်….။
တစ်ပင်လဲတစ်ပင်ထူကြစို့လို့တော့
အလွယ်တကူမပြောစေချင်ဘူး
သစ်ပင်တစ်ပင်ရှင်သန်ဖြစ်ထွန်းကြီးထွားဖို့
တော်တော်လေးတော့
ခက်လှတယ်…..။
ပြဒါးလင်းသူ
Enviromental &Forestry Journal
Nov/2011
No comments:
Post a Comment