ပတ်ဝန်းကျင်ထိန်းသိမ်းရေးပုံရိပ်ကိုဖော်ကျူးနေသည့်သီချင်းများကိုဖန်တီး/သီကျူးနေသူ
တစ်ဦီးကိုဂုဏ်ပြု
မိခြင်း
ဟုတ်ပါသည်။
တလောက VCD သီချင်းခွေတစ်ခုကိုကြည့်မိသည်။ တေးရေး/
တေးဆိုလင်းလင်း ဖြစ်သည်။ ရိုက်ကွင်းနေရာတော်တော်များများသည်
မန္တလေး
မြို့ဝန်းကျင်တွင်ရိုက်ကူးထားသော သီချင်းခွေဖြစ်သည်။ အဆိုပါ
"စဉ်းစားပါ"သီ
ချင်းခွေ ထဲတွင် အဆိုရှင်နှင့် တီးဝိုင်းအဖွဲ့သားများ တော်တော်များများသရုပ်
ဆောင်ထားသည်ကို တွေ့ရပါသည်။ ထိုသရုပ်ဆောင်များဖော်ကျူးသည့်နေရာ
သည်ကား၊မော်တော်ဆိုင်ကယ်စသည့် ယာဉ်မျိုးစုံကို စီးနင်းသရုပ်ဆောင်နိုင်သော
နေရာတစ်ခုဖြစ်သည်။ သို့သော် သရုပ်ဆောင်များ၊ဒါရိုက်တာများကိုချီးကျူးမိသော
အချက်အချို့ကိုတွေ့ရသည်။ မိမိသည် သဘာဝထိန်းသိမ်းရေးသမားဖြစ်သည့်
အားလျော်စွာ ထိုပေတံဖြင့်တိုင်းသည်ဘဲပြောပြော အချက်တစ်ခုကို
သွားတွေ့
သည်။ထိုအအရာကား သရုပ်ဆောင်များသည် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွတ်
၍ ပတ်ဝန်းကျင်ကိုညစ်ညမ်းစေသော ယာဉ်အမျိုးအစားများကိုအသုံးမပြုဘဲ
စက်ဘီးစီးခြင်း၊ဘထ္ထရီဆိုင်ကယ်သာအသုံးပြုထားသည်ကိုတွေ့ရသည်။
ထိုနေရာ
များသည်ကားများဆိုင်ကယ်များ အကောင်းဆုံးများဖြင့်တင်ဆက်နိုင်ပေသည်
။
တမင်တကာလည်းဖြစ်ကောင်းဖြစ်ပေမည်။သို့သော်ထိုနေရာတွင်အဆိုပါ
ဆက်တင်မျိုးကို
အသုံးပြုခြင်းကိုမိမိ အနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး
အတွက်အထောက်အကူပြုသော
တင်ပြချက်များဟုသုံးသပ်ပါသည်။
လောကတွင်
ကဗျာ၊စာပေ၊သီချင်း စသည်တို့သည် လောက၏လမ်းညွှန်
ချက်များပင်ဖြစ်သည်။ စာဆိုသည်မှာ မိမိပြောလိုသော စကားများကို
စာအဖြစ်
ပြောင်းလဲကာ သိစေချင်သည် ပြောခြင်းသာဖြစ်သည်။ ထိုအရာတွင်
ပြောသူနှင့်
နားထောင်သူ(၀ါ) ဖတ်ရှုသူဟူ၍ နှစ်ပိုင်းပါဝင်လေသည်။ ပြောသူသည်မိမိပြော
လိုရာများကို အခြားသူသိစေလိုသောကြောင့် စာအဖြစ်ပြောင်းလဲရာတွင်
ထိုသူ
၏စိတ်နေစိတ်ထား၊ ခံယူချက်၊ စသည့်အချက်များသည်အရေးကြီးပါသည်။
ထို
အကြောင်းကို မေးခွန်းများမေးနိုင်လေသည်။ ရေးသူကိုစာအုပ်တွင်မမြင်
နိုင်ဘဲ
သူ့အကြောင်းမည်သို့စုံစမ်းမည်နည်း။ စသည့် အချက်ကိုစာဖတ်သူ/နားထောင်
သူအနေဖြင့် ထိုစာတစ်ပုဒ်၏ ဆိုလိုရင်း/အကြောင်းအရာများကို
သေသေချာချာ
မသိ၍ဖြစ်ပေလိမ့်မည်။ ဂရုမပြုမိသည်လည်းဖြစ်နိုင်ပေသည်။ အကြောင်းအရာ
နှင့်ဆိုလိုရင်းတို့သည် စာရေးသူပြောလိုသောအကြောင်းအရာများ(၀ါ)
ထိုသူ
ဖန်တီးထားသောအကြောင်းအရာများပင်ဖြစ်သည်။ ထို့ကြောင့်စစ်ကျောသင့်
သည်။သို့မှသာ မိမိ ကိုယ်စိတ်နှလုံး တွင် ဆူးညှောင့်အဖြစ်မကျန်ရစ်မှ
စာ
ကောင်းတစ်ပုဒ်၊လမ်းပြကောင်းတစ်ပုဒ်ဖြစ်မည်။ သို့မဟုတ်ပါက
စိတ်ရူးပေါက်
ရာတင်ဆက်ထားသော၊ရေးသားထားသောအကြောင်းအရာများသည် လောက
ကိုများစွာ ညစ်ထေးစေသဖြင့် ရေးသူ/နားထောင်သူများ ဂရုပြုသင့်သည်။
မကြည့်ရ၊မဖတ်ရ၊နားမထောင်ရ၊
မပြောရစသည့်အချက်များသည် လူ့အ
ခွင့်အရေးများကိုတားဆီးစေသော၊ဟန့်တားထားသောစကားလုံးများဖြစ်သည်။
မ…..ရ ဆိုသော အချက်များ ကိုမပြုလုပ်ဘဲလည်းမနေနိုင်ကြဘဲဇွတ်အတင်းမ
လုပ်ဘဲပညတ်ထားသော်လည်း မ…..ရ ဆိုကာမှ မရရအောင်လုပ်မည်ဆိုသော
အသိဥာဏ်ရှိသည့်လူများသည် ကြိုးစားကြသည်ကိုတွေ့ရသည်။
ထို့ကြောင့်
ထိုမ…..ရ ဆိုသောအရာများအားလုံးကိုရှောင်ရှားနေရန်မလို သို့
သော် အတိုင်းအရှည်ကိုသိရမည်၊ ထို့နောက်ဆူးညှောင့်ဖြစ်စေသောအချက်များ၊
လမ်းမှားဖွယ်ရာအချက်များ စသည့်ဖြင့် ဝေဖန်စိစစ်ရမည်။
အထက်တွင်တင်ပြခဲ့သည့်အတိုင်း
အဆိုရှင်လင်းလင်း၏vcdသည်
ပတ်ဝန်းကျင်ကိုထိန်းသိမ်းနေသောအပြုအမူ လမ်းညွှန်ချက်တစ်ခုသာဖြစ်
သည်ဟုယူဆရတော့မည်။
ပြဒါးလင်းသူ
No comments:
Post a Comment